Thursday, July 3, 2008

ဆတ်ကော့လပ်ကော့ အဆီအငေါ်မတည့်မှုများ

တနေ့ တနေ့...
လင်းလိုက် ပူလိုက်
မှိန်လိုက် မှောင်လိုက်
နေသားကျဖို့ခဏခဏ
အထိုင်မကျတဲ့စိတ်ကိုပြင်နေရတာ...
ပေါက်ပေါက်ဖောက်သလိုပဲ
အာရုံတွေက ဖွေးကနဲ လွင့်ကနဲ...။

အနုတ်စုတ် ဂုတ်စုတ် ဆိုတဲ့
မျက်မှန်တပ်ပြီး ခဏခဏ တည့်တည့်ကြည့်သွားတာ
ခံရပါများလာတော့
ဒါပဲကွာ ဒါပဲကွာ ဆိုပြီး
ကြီးကျယ်ခမ်းနားမှုကိုလှန်လှန်ပြရတာလဲ
ဘ၀ကအအေးပတ်သွားနိုင်တယ်
မရှိတဲ့ ဘ၀င်လေဟပ်မှုနဲ့....။

အဲဒီ လူတိရိစ္ဆာန်တွေကို
ပစ်စလက်ခတ် တိကျတဲ့
ကြည့်မရမှုတွေ ခြုံ ထူနေပြီဟေ့...
စိတ်ကအပြစ်ပေါ့မယ်ဆို
ရိတ်မှဖြစ်တော့မယ်....။

ဘာလိုလိုနဲ့ ပြာသိုကြောင်မရဲ့
ထောင်ပြတဲ့အမြီးလို
ဣနြေ္ဒမဲ့နေလိုက်ကြတာ
ငါတောင် ညောင်ကနဲ ၀င်ပူးခဲ့မိသေး.....။

ငြိမ်းဇေဦး

No comments:

Post a Comment