Saturday, July 5, 2008

ပုထုဇဉ် ရဲ့ ဥပါဒန်

မနက်ဖြန်ဆိုတာ
ဒေါင်ကျကျ ပြားကျကျ
ဖြတ်သန်းနိုင်သေးတဲ့အရာလား.........။

အနော်မာသောင်မှာ
ပျော်စရာရှောင်နေစိမ့်သူကြီးရဲ့...
ယသော်ဓရာကတော့ အပြစ်တင်ကောင်းတင်ခဲ့မှာ...။

ဗုဒ္ဓရယ် ဒီညတော့
ဂီတနဲ့ ခဏဖြစ်ဖြစ်
ုဒုက္ခပါယ်ပါရစေလို့
ကိုယ့်နည်းကိုယ့်ဟန်နဲ့
ပစ္စုပ္ပာန်ကထွက်ထွက်ပြေးခဲ့ရ...။

ပြောချင်တာတွေပြောသွားတဲ့
အရစ္စတိုတယ် ကတော့
ကမ္ဘာကြီးဟာ နံပြားလိုပါလို့
ကြောင်းကျိုးပြနေတုန်းဆိုလဲ နေတော့...။

အဖိုးတန် မိတ်ကပ်တွေနဲ့ ပါးကို
အသားကုန်နမ်းမှတော့ နှုတ်ခမ်းလေး အားနာစရာပေါ့ ကွယ်
ချစ်တယ်ဆိုတဲ့စကား နှုတ်ခမ်းသားချင်းထိ ပြောတာလောက်
ပြည့်စုံတာ လောကမှာ ဘာများရှိသေးလဲ သူငယ်မရယ်
ပါယ်ပါယ်နယ်နယ် အားကောင်းစွာ
ဖျားယောင်း.............။

အချစ်ဆိုတာ ကို
အပ်ချ မတ်ချ တိုင်းတာနိုင်တဲ့ ပြဒါးတိုင် တစ်တိုင်တော့ဆောင်ထားသင့်ပြီ
ဘ၀အမောများ ကို လှတောသားလိုလဲ ဋီကာမချဲ့တော့ပါဘူး
ဖူးဖူးရွရွလေးရယ်
အရစ္စတိုတယ်လဲမဟုတ်
ဗုဒ္ဓလိုလဲ ချုပ်ငြိမ်းမှုကို ရှာမတွေ့မှတော့
ဒီနေ့လဲ ငါ
နင့်ကိုထိုင်လွမ်းပါဦးမယ်လေ
အိပ်မက်တွေနဲ့.................။

ငြိမ်းဇေဦး

No comments:

Post a Comment