Wednesday, July 30, 2008

ဂျူလိုင်ရဲ့ သတို့ သမီး


တနှစ်ကြီးပြန်ပြီ ..
တနှစ်ကြီးပြန်ပြီ နဲ့
လူ့ဘ၀ရဲ့ စက်ဝိုင်းကြီးထဲ
ပိတ်မိနေခဲ့ကြတာပေါ့ မိကေရယ်...။

ဒီစက်ဝိုင်းထဲမှာ
ဘ၀သာ ထူပျစ်လာတယ်
တချို့ လူမဖြစ်ကြသေးဘူးဟေ့...။

ဒီနေ့..
ငါ့အိမ်ရှေ့က သစ်တောအုပ်က
အလျင်တွေရှရှနဲ့ သစ်ရွက်တွေ ထရယ်ကြတယ်...
တနေကွယ်တမိုးချုပ် တိုင်း
အိုးပုတ် ချိုးရုပ် ပလုတ်တုတ်နဲ့
အလုပ်ရှုပ်ခဲ့တဲ့ ငယ်ဘ၀ကို
ပြန်ရချင်ကြသလားတဲ့ ..
ရယ်တာမှ လှောင်သံနဲ့နော်.............။

ငါကပြောလိုက်တယ်...မိကေ..
နင်သိချင်သိနေမယ်ပေါ့...
ဒါပေမယ့် လျော့တိလျော့ရဲပါ...
“ပြန်ရချင်တာပေါ့....”လို့..
သစ်ပင်တွေ မခို့ တယို့ ယိမ်းလို့
ဗြုန်းဆို လေစိမ်းတွေ တိုက်သွားတယ်ဟာ
ဒီမှာပဲ ...
ပျော်ရွှင်သောမွေးနေ့ဖြစ်ပါစေ သူငယ်ချင်းလို့
လည်ပင်းဖက်ပြောချင်စိတ်နဲ့
ပြန်အိပ်တော့မယ်ကွယ်...
ဟဲ့..ဟဲ့ နေစမ်း ခဏ ပြောရဦးမယ် တကတည်း....
အသည်းတခြမ်းနဲ့
အားလုံးကို ငါလဲ အမြဲလွမ်းတယ် ဆိုတာ....။

ငြိမ်းဇေဦး

ဇရာ နှင့် ဇယားရှုပ်ရသော လူ့ ဖြစ်စဉ်အတွင်းမှ သူငယ်ချင်း ကေသွယ့်  မွေးနေ့ အမှတ်တရ

1 comment:

  1. ကျေးဇူးပဲ..သူငယ်ချင်း
    ဒါနဲ့..အသဲတခြမ်းက..အရက်ကျွမ်းသွားတာလား.. organ farming နဲတိုးလို့..ခိုးခံလိုက်ရတာလား။
    ကဲ..ဆုပြန်တောင်းပေးလိုက်မယ်..လက်ညိုးညွန်ရာ..ကဗျာဖြစ်ပါစေ -

း)

    ReplyDelete