Tuesday, November 18, 2008

အိမ်

 ငါလေ
ဖြစ်သလိုလေးစား...
အိမ်ကထမင်းဝိုင်းလေးကို
ပြန်ပြန်နေ့ တိုင်းတွေး
အားခဲတာ......
အမေချက်တဲ့ ပဲကြီးဟင်း
ဝက်သားဆီပြန်....
ငါးသလောက်ပေါင်း
ပဲပြုတ်နံပြား.....။

တို့  ညစ်ထပ်ထပ်မြို့ကလေးရဲ့
ဖုန်နံ့တွေဟာ
အောက်ဆီဂျင်ထက်ငါ့စိတ်ကို
ုပိုကျမ်းမာစေတယ်။

ပြန်ချင်ဇောနဲ့
လာတဲ့ လမ်းပြန်မျှော်မိတာ...
မမြင်ရလွန်းလို့ ...
့ရင်ဘတ်ငြမ်းထိုးပြီးမျှော်ခဲ့တာ..
ခုဆို ရင်ဘတ်တောင် အတွင်းဒဏ်ရင့်နေပြီကွယ်...။

ငြိမ်းဇေဦး

3 comments:

  1. ရင်ဘတ် ကို ငြမ်းထိုးပြီး ပြန်လမ်းကို မျှော်ရတယ် တဲ့လား ကိုငြိမ်းဇေရေ..
    သေရာပါမဲ့ ဒဏ်ရာတွေ ရင့်ခဲ့ပြီ..

    ReplyDelete
  2. ကိုငြိမ်းရယ်...ထပ်တူခံစားသွားပါတယ်

    ReplyDelete
  3. အတွင်းဒဏ်ရာ ဌာနမှာ လူနာတော်တော် များနေပြီပဲ.... ဟုတ်တယ်.. သေရာပါမဲ့ ဒဏ်ရာတွေပါ....

    ReplyDelete